စာရေးသူ

အားလုံးမြင်နိုင်ရန်
Tim Gustafson

တင်မ်ဂပ်စ်ထက်ဖ်ဆန်

တင်မ်ဂပ်စ်ထက်ဖ်ဆန် (Tim Gustafson) သည် Our Daily Bread နှင့် Our Daily Journey စာစောင်များ ရေးသားပြီး၊ 'လေ့လာမှတ်သားဖွယ်စာစဉ်' ( Discovery Series) များကို တည်းဖြတ်ပေးသည်။ ဂါနာနိုင်ငံသို့ သာသနာသွားပြုသည့် အမှုတော်ဆောင် ဇနီးမောင်နှံ၏ မွေးစားသားတစ်ယောက်အနေနှင့် ၎င်းတွင် အနောက်နိုင်ငံ၌ နေရသည့် ဘဝနှင့်ပတ်သက်ပြီး တမူထူးသော ရှုထောင့် ရှိသည်။ သူ၏ဇနီးမှာ Leisa ဖြစ်ပြီး သမီးတစ်ဦးနှင့် သားခုနှစ်ယောက်ရှိသည်။ ထို့ကြောင့် သူ့အသက်တာ၏ လက်ဆွဲကျမ်းချက်မှာ "ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏" (ဆာလံကျမ်း ၆၈:၅-၆) ဖြစ်သည်မှာ အဆန်းမဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ဆိုးသောယုံကြည်ခြင်း၊ ကောင်းသောယုံကြည်ခြင်း

‘‘ယုံကြည်ခြင်း ရှိရမည်’’ ဟုလူတို့ပြောလေ့ရှိသည်။ သို့သော်   ဘာကိုဆိုလိုသနည်း။ မည်သည့် ယုံကြည်ခြင်းမျိုးမဆိုသည် ကောင်းသည့် ယုံကြည်ခြင်းဖြစ်မည်လား။
‘‘မိမိကိုယ်ကို မိမိရှိနေ ဖြစ်နေသည့်အတိုင်း ယုံပါ’’ ဟု လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က အကောင်းမြင် အတွေးအခေါ်ရှင်တစ်ဦးက ရေးခဲ့သည်။ ‘‘သင့်အထဲ၌   ရှိသောအရာက မည်သည့်အတားအဆီးထက်မဆို ပိုကြီးမား သည်ကို သိပါ’’ ဆိုသည့် စာသားက ကောင်းပါသည်။  လက်တွေ့တွင်မူ ၎င်းစာသားများက အရာမထင်။ ကျွန်ုပ်တို့ထက် ကြီးမားသော ယုံကြည်ခြင်းမျိုးကို တစ်ထောင့် တစ်နေရာတွင် ကျွန်ုပ်တို့ လိုအပ်နေသည်။
ဘုရားသခင်သည် အာဗြံကို မြောက်မြားစွာသော အမျိုးအနွယ်ပေးမည်ဟု ကတိပေးသောအခါ သူသည် အသက်အရွယ်ကြီးရင့်နေရုံမျှမက ကလေးလည်း မရှိသဖြင့်  ၎င်းသည် သူ့အတွက် ကြီးမားသောအတားအဆီး ဖြစ်သည် (က ၁၅း၎-၅)။ အာဗြံနှင့် စာရဲသည် ဘုရားသခင်၏ ကတိတော်ကို မစောင့်နိုင်သောအခါ ထိုအခက်အခဲကို…

အရေးပါသော စကားလုံးများ

နေ့စဉ်ခွန်အားလုပ်ငန်းတွင် အယ်ဒီတာအဖြစ် စတင်အမှုတော်ဆောင်စဉ်က ကျွန်တော့် တာဝန်မှာ လစဉ်ထုတ်စာအုပ်၏မျက်နှာဖုံးပေါ်မှကျမ်းပိုဒ်ကို ရွေးချယ်ရသည်။ မကြာမီ မှာပင် ထိုအလုပ်သည် မည်သို့သောထူးခြားမှုကို ဖြစ်စေသနည်းဟု အတွေးဝင်မိသည်။
ထိုသို့ စဉ်းစားမိပြီး မကြာပါ။ စာဖတ်သူတစ်ဦးထံမှ စာတစ်စောင်ရခဲ့ရှိသည်။ စာထဲတွင် သူမသည် သားဖြစ်သူအတွက် ဆုတောင်းခဲ့ သည်မှာ အနှစ်နှစ်ဆယ်ကျော်ကြာပြီး ဖြစ်သော်ငြားလည်း သူ့သားသည် ယေရှုခရစ်တော်နှင့်ပတ်သက်၍ ဘာမှ  စိတ်မ၀င်စားကြောင်း၊ သို့နှင့် တစ်ရက်တွင် သားက သူမထံ အလည်လာစဉ် စားပွဲပေါ်၌ တင်ထားသည့် စာအုပ်လေး၏ မျက်နှာဖုံးပေါ်မှ ကျမ်းပိုဒ်ကို သူဖတ်မိသွားသည်။ ၀ိညာဉ်တော်သည် ထိုကျမ်းပိုဒ် အသုံးပြု၍ ချက်ခြင်းပင် သခင်ယေရှုကို လိုအပ်ကြောင်း သူဝန်ခံ၍ သူ့အသက်တာကို သခင်ယေရှုထံ ပေးအပ် ခဲ့သည်ဟု ရေးသားထားသည်။
ထိုကျမ်းညွှန်းရော အမျိုးသမီး၏အမည်ကိုပါ ကျွန်တော် မမှတ်မိတော့ပါ။ သို့သော် ထိုနေ့က ဘုရားရှင် ဖော်ပြခဲ့သည့်…

ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ

သူငယ်ချင်းများက လူမှုမီဒီယာတွင် ရက်စက်၍ မညှာတာသောစကားများသုံးနှုန်း  သောအခါ ရှားလော့ က သိမ်မွေ့စွာဖြင့် ၎င်းတို့နှင့်ဆန့်ကျင်ဘက်စကားဖြင့်သာ တုံ့ပြန် သည်။ လူတိုင်း၏ဂုဏ်သိက္ခာကို သူလေးစားပြီး သူ့စကားများက အစဉ်အပြုသဘော ဆောင်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ခရစ်ယာန်များကို အငြိုးထားသောလူတစ်ဦးနှင့် ဖေ့စ်ဘွတ်တွင် သူငယ်ချင်း
ဖြစ်ခဲ့သည်။ ရှားလော့၏ရှားရှားပါးပါး ရိုးသားမှုနှင့် ဂုဏ်အသရေကို ထိုသူအသိအမှတ်ပြုခဲ့သည်။ အချိန်ကြာ လာသည်နှင့်အမျှ သူ၏ရန်လိုမှုများ အရည်ပျော်သွားသည်။ ထို့နောက် ရှားလော့ သည် အသည်းအသန် ဖျားနာလျက် ယခုတွင် လူမမာအဖြစ် အိမ်၌သာနေရပြီး စိတ်မရွှင်မပျနှင့် သူလုပ်နိုင်သမျှကို လုပ်ကိုင်ပေးသည်။ ထိုအချိန်တွင် သူမ၏ဖေ့ဘွတ်သူငယ်ချင်းမှာ ကွယ်လွန်သွားခဲ့ပြီး သူ့ညီမက
စာတစ်စောင် ပို့လာသည်။ ‘‘အစ်မရဲ့သက်သေကြောင့် ကျွန်မအစ်ကိုတစ်ယောက် ဘုရားသခင်ရဲ့ စုံလင်ခြင်းနဲ့ တည်မြဲတဲ့မေတ္တာကို ခံစားနေရပြီဆိုတာ ကျွန်မသိလိုက် တယ်’’ ဟုရေးသားထားသည်။
ခရစ်တော်အသေခံရမည့် ရက်သတ္တပတ်တွင် ဗေသနိရွာမှမာရိက…

ဘုရားသခင်ကို နာမည်ပေးခြင်း

‘‘The God I don't Understand’’စာအုပ်ထဲတွင် ဆရာ Christopher Wright က မထင်ရသူတစ်ဦးသည် ပထမဆုံး ဘုရားကို နာမည်ပေးသူဖြစ်ကြောင်း လေ့လာ တွေ့ရှိခဲ့ သည်။ သူကား ဟာဂရ ပင် ဖြစ်၏။
ဟာဂရ ၏ဇာတ်လမ်းသည် လူ့သမိုင်းကို အရှိအတိုင်း ရှုမြင်ထားသော်လည်း   စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အာဗြံနှင့် စာရဲကို သားရရှိ မည်ဟု မိန့်ကြားသည့် ဘုရား၏ကတိတော်မှာ  ရွှေပြည်တော် မျှော်တိုင်းဝေးလျက်၊ စာရဲသာအသက်ကြီးသွားပြီး စိတ်မရှည် နိုင်တော့ပြီ။ ဘုရားရှင်ကို ‘‘ကူညီရန်’’ အတွက် ထိုခေတ် အချိန်အခါက လုပ်ရိုးလုပ်စဉ်အတိုင်း စာရဲ အဖြေထုတ်ခဲ့ သည်။ သူ့ကျွန်မ ဟာဂရကို အာဗြံထံသို့ အပ်ပြီး၊ ဟာဂရ ပဋိသန္ဓေ တည်ခဲ့သည်။
မျှော်မှန်းထားသလိုပင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည်။ စာရဲသည် ဟာဂရ ကို ညှဉ်းပန်းနှိပ်စက်သဖြင့် နောက်ဆုံး…

သင်လုပ်ဆောင်သည့်အရာ

စစ်ရေယာဉ်တပ်စု ကမ်းမှခွာတော့မည်ဖြစ်၍ တပ်သားတစ်ဦးသည် တပ်ကြပ်ကြီး၏ အခန်းပြတင်းတံခါးကို အလျင်စလို ခေါက်လိုက်သည်။ ပြတင်းတံခါးအဖွင့်နှင့် ‘ဘာဖြစ်တာလဲ’ ဟူသည့် စိတ်တိုနေသောတပ်ကြပ်ကြီး၏အသံက တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ တပ်သားလေးက ‘ဆရာကြီး လုပ်နေကျအလုပ် လုပ်ရတော့မယ်လေ’
ဟုပြောရာ၊ ‘ဘာအလုပ်လဲ’ ဟု တပ်ကြပ်ကြီးမှ ပြန်မေးသော အခါ ‘ဆရာလုပ်ရမယ့် အလုပ်လေ၊ ဆရာကြီးသိပါတယ်’ ဟု တပ်သားလေးမှ ပြန်ပြောသည်။
ထိုအခါမှ တပ်ကြပ်ကြီး သဘောပေါက်သွားလေသည်။ စစ်ရေယာဉ်တပ်စုအတွက် သူအမြဲတမ်း ဆုတောင်းပေးလေ့ ရှိပြီး၊ ယခုတွင် သူဆုမတောင်းပေးရသေးပါ။ ၄င်းနောက် တပ်ကြပ်ကြီးမှာ စစ်ရေယာဉ်ထဲမှ တာဝန်ကျေကျေ ထွက်လာ၍ ၄င်း၏တပ်သားများအတွက် ဆုတောင်းပေး လေသည်။ တပ်သားလေးမှာ ၄င်းတို့အတွက် ဆုတောင်း ပေးသည့် ခေါင်းဆောင်၏တန်ဖိုးကို နားလည်သည်။
ရှေးယုဒပြည်တွင် အဘိယသည် ထင်ရှားသည့် မင်းတစ်ပါးမဟုတ်ခဲ့ပါ။ ဓမ္မရာဇဝင် တတိယစောင် ၁၅း…

သင့်ကို ဘယ်သူကာကွယ်ပေးနေလဲ

သဒ္ဒါသင်ကြားသည့် အတန်းတွင် ဆရာက သူမကို ရှေ့ခေါ်ပြီး စာကြောင်းတစ်ကြောင်းကို ခွဲခြမ်းစိတ်ဖြာခိုင်းသောအခါ ကက်သလင်း ထိတ်လန့်သွားရသည်။ မကြာမီကမှ ကျောင်းပြောင်းလာသည့် ကျောင်းသူအနေနှင့် ထိုသင်ခန်းစာကို မသင်ခဲ့ဖူးပါ။ တစ်တန်းလုံးက သူမကို ရယ်မောခဲ့ကြသည်။
ချက်ခြင်းပင် ဆရာက  “တစ်ပတ်အတွင်းမှာ သူက မင်းတို့အားလုံးထက် အများကြီးသာအောင် ရေးနိုင်မှာ” ဟု သူမဘက်မှ ကာကွယ် ပြောဆိုလိုက်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကက်သလင်းက ကျေးဇူးတင်စိတ်ဖြင့် ထိုအချိန်ကို  ပြန်ပြောပြသည်။ “ဆရာပြောသလိုပဲ၊ အကောင်းဆုံး ရေးသားနိုင်ဖို့ အဲ့ဒီနေ့မှာပဲ ကျွန်မအစပြု ခဲ့တာပါ”။ နောက်ဆုံးတွင် ကက်သလင်း ပါကာသည် ပူလဇ်ဇာ စာပေဆုကို ဆွတ်ခူးရရှိခဲ့တော့သည်။
ကက်သလင်း၏ဆရာကဲ့သို့ ခရစ်တော်သည်လည်း အကာအကွယ်မဲ့သူနှင့် အားနည်းသူများကို ကိုယ်စားပြုသူ အဖြစ် သတ်မှတ်ခံရသည်။ တပည့်တော်များက ကလေးများကို သူ့ထံမလာရအောင် တားမြစ်သောအခါ သခင်စိတ်ဆိုးသွားပြီး “သူငယ်တို့ကို ငါ့ထံသို့…

ဖွင့်ထားသောလက်

၁၈၉၁ ခုနှစ်တွင် ဘစ်ဒီ မေဆန် ကို လော့စ်အိန်ဂျလစ် ၌ မည်သည့်အမှတ်အသားမျှ မရှိသည့် အုတ်ဂူအတွင်း မြှုပ်နှံခဲ့သည်။ ကျွန်အဖြစ်မွေးဖွားလာသော အမျိုးသမီးများ အတွက် ၎င်းသည် အထူးအဆန်း မဟုတ်သော်လည်း ဘစ်ဒီ ကဲ့သို့သော ထူးချွန် ပြောင်မြောက်လှသူတစ်ဦးအတွက်မူ တစ်မူထူးသည်။ ၁၈၅၆ ခုနှစ်တွင် အပြင်းအထန် တရားဆိုင်ကာ အနိုင်ရပြီး ကျွန်အဖြစ်မှလွတ်မြောက်ခွင့် ရခဲ့ပြီးနောက် သူ၏သူနာပြုပညာနှင့် စီးပွားရေးအမြင်ကို အမြော်အမြင်ရှိရှိ ဆုံးဖြတ်ပေါင်းစပ်ကာ နောင်ရေးအတွက် လုပ်ငန်းငယ်တစ်ခု တည်ထောင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရွှေ့ပြောင်းအလုပ်သမားများ၊ အကျဉ်းသားများ၏အတိဒုက္ခ
ကို သိရှိသတိပြုမိ၍ ထိုသူတို့ထံ အရောက်သွားကူညီခဲ့သည်။ မကြာခဏ အလှူအတန်းပေးခြင်းကြောင့် အကူအညီ ရယူရန် သူ့အိမ်ရှေ့၌ လူအများ လာရောက်တန်းစီကြသည်။ ကျွန်ဘ၀မှလွတ်မြောက်ပြီး တစ်ဆယ့်ခြောက်နှစ် အကြာ ၁၈၇၂ ခုနှစ် ၌ သူနှင့်သူ့သမက်တို့က လော့စ်အိန်ဂျလစ်၌ ပထမ အာဖရိကန်…

ကျွန်ုပ်တို့၏အရေးကြီးဆုံးတာဝန်

ကမ္ဘာတစ်ဝန်းညီညွတ်မှုအတွက် အတူတကွ ဆောင်ရွက်ရန်  ကမ္ဘာ့ဘာသာကြီးများအား     ဗြိတိသျှ ပညာရှင်တစ်ဦးက ဖိတ်ခေါ်သောအခါ နေရာအနှံ့မှ လူများစွာတို့ သြဘာပေးကြ သည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုသည် ‘‘ရွှေပညတ်’’ကို ယုံကြည်သက်ဝင်ကြကြောင်း ထောက်ပြကာ ‘‘ယခုမျက်မှောက်ခေတ်တွင်  အရေးကြီးဆုံးတာဝန်မှာ အမျိုးမျိုးသော ယုံကြည်သက်ဝင်မှုနှင့်လူသားများ အတူတစ်ကွ ငြိမ်းချမ်းစွာ သဟဇာတဖြစ်လျက် စိတ်သဘောညီညွတ်စွာ နေထိုင် နိုင်မည့်
လူဘောင်ကို တည်ထောင်ရန်ဖြစ်သည်’’ ဟု အဆိုပြုခဲ့သည်။
တောင်ပေါ်ဒေသနာတွင် ယေရှုသည် ပညတ္တိကျမ်း၏
အချုပ်အခြာဖြစ်သော ‘‘သင်တို့သည် ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့’’ (မ ၇း၁၂) ဟု
ဖော်ပြထားသည်။ ထိုဒေသနာတွင် ယေရှုက ‘‘သင်တို့၏  ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့’’ (၅း၄၄)ဟု မိန့်ကြားသည်။ အရေးပါသော
ထိုပညတ်ကို လက်တွေ့ကျင့်သုံးမည်ဆိုပါက ငြိမ်းချမ်းစွာနှင့်
သဟဇာတဖြစ်စွာ နေနိုင်မည်ဖြစ်သည်။…

ဥပက္ခာပြုခံရသောအခါ

အမျိုးသမီးတစ်ယောက်သည် ကြံရာမရသည့်အဆုံး ကျွန်တော်အလုပ်လုပ်သည့် အိမ်ရာကူညီပံ့ပိုးရေးဌာနသို့ ဖုန်းခေါ်ခဲ့သည်။ အပူတပြင်းပြဿနာကြုံရပြီး အိမ်ငှားခ မပေးနိုင်သဖြင့် အိမ်မှဖယ်ပေးခဲ့ရသည်။ ကြောက်လန့်ထိတ်ပြာလျက် သူ့ကလေး များကို မည်သို့ ကြည့်ရှုပြုစုရမည်နည်းဟု မေးသည်။ ကျွန်တော်လည်း စာအုပ်မှာ ရေးထားသည့်အတိုင်း ‘‘ဟိုတယ်မှာ ပြောင်းနေပြီး အိမ်ရှင်ကို ငွေရှင်းခိုင်းလိုက်ပါ’’ ဟု ဖြေကြားရာ သူမ ဒေါသတကြီးနှင့် ဖုန်းချသွားတော့သည်။
သူ့မေးခွန်းကို စာအုပ်ကြီးအတိုင်း ဖြေပေးနိုင်ခဲ့ သော်လည်း သူ့နှလုံးသားကို ကျွန်တော် လျစ်လျူရှုမိ ခဲ့သည်။ ကြောက်လန့်မှုနှင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ ခြင်းကို တစ်စုံတစ်ယောက်က နားလည်စာနာပေးရန် သူ လိုလားသည်။ သူတစ်ယောက်တည်း မဟုတ်ကြောင်း သူ သိရန် လိုအပ်သည်။ စင်စစ် ကျွန်တော် သူကို ဥပက္ခာပြု လိုက်ခြင်းသာဖြစ်သည်။
ယောဘကြီး ပစ္စည်းဥစ္စာများ ဆုံးရှုံးရပြီးနောက်တွင် သူ့မိတ်ဆွေများက သူ့ကို အဖြေများစွာ…

တုန်လှုပ်သွားစေသော ရိုးသားဖြောင့်မတ်မှု

သင်းအုပ်က အသင်းတော်လူကြီးတစ်ဦးအား ၀တ်ပြုစည်းဝေး၌ ဆုတောင်းခြင်းကို ဦးဆောင်ရန် တောင်းဆိုရာ ထိုသူက ‘‘တောင်းပန်ပါတယ် ဆရာကြီး၊ ဘုရားကျောင်းကို လာတဲ့ လမ်းတစ်လျှောက်မှာ ကျွန်တော့်ဇနီးနဲ့ စကားများခဲ့လို့ ကျွန်တော် ဆုတောင်းဖို့ အသင့် မရှိပါဘူး’’ ဟု သူက ငြင်းလိုက်သဖြင့် လူအများ အံ့အားသင့်ထိတ်လန့်သွားသည်။ ခေတ္တမျှ ကိုးရိုးကားယား ဖြစ်သွားပြီးနောက် သင်းအုပ်ကပဲ ဆုတောင်းကာ ဆက်လက် ၀တ်ပြုကိုးကွယ်ခဲ့သည်။ သည့်နောက်တွင် သင်းအုပ်ဆရာက  အရင် မမေးမြန်း ဘဲနှင့် လူပုံအလယ်၌ ဆုတောင်းရန် မည်သူ့ကိုမျှ   မတောင်းဆိုတော့ရန် သန္နိဋ္ဌာန်ချလိုက်တော့သည်။
သူတော်ကောင်း ဟန်ဆောင်လိုက်ရန် လွယ်ပါသည်။
ထိုအခြေအနေ၌ အလွန်သြချလောက်သည့် ဖြောင့်မတ် ရိုးသားမှုကို ထိုသူသည် ထင်ရှားပြခဲ့သည်။ ဤတွင် ဆုတောင်းခြင်းနှင့် ပတ်သက်သည့်  နက်နဲသော သင်ခန်းစာ ရှိသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော အဘခမည်းတော်ဖြစ်ပေရာ၊ ကျွန်ုပ်၏ဇနီးသည် သူချစ်မြတ်နိုး…